University တုန်းကပေါ့ ကျွန်တော်တို့ သူငယ်ချင်းတွေ အရမ်းချစ်ကြတာ အရမ်းခင်ကြတယ်လို့ ပဲပြောကြပါစို့  ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ ကယောကျာ်တွေကြည်းပဲဆိုတော့ ဟဲဟဲ...
မကောင်းတာလုပ်တဲ့ဖက်မှာ အရမ်းညီကြတာပေါ့။ အရက်ဆိုင်သွားမလား တစ်ယောက်ယောက်ကမဟလိုက်နဲ့  ရောက်ပြီးသားပဲ။ ကောင်းတဲ့ဖက်လည်းညီပါတယ် ကျောင်းလစ်ပြီးလျှောက်သွားတာလေ။ အော်မေ့လို့  ကျွန်တော်တို့ အတွက်ကောင်းတာကိုပြောပါတယ် ဟဲ..။ အခုအချိန်မှာတော့ တစ်ယောက်တစ်နယ်ရာစီနဲ့  ကျရာတာဝန်ကိုယ်စီထမ်းဆောင်နေရတယ်။ အဆက်အသွယ်လည်းမရကြပါဘူး။ ကျောင်းတတ်တုံးကတော့ ကျွန်တောတို့ တွေ အရမ်းကိုဖြူစင်ကြတယ်။ ငွေရေးကြေးရေးလား မပြောနဲ့  ကူညီပြီးသားပဲ ပိုက်ဆံကုန်ရင် အိမ်ကတောင်းသုံးနေတာလေ ဟဲ...။ အလုပ်ခွင်နယ်ပယ်ထဲရောက်လာတော့ လူအမျိုးမျိုး စိတ်အမျိုးမျိုးကို တွေ့ ရတယ်။ မျက်နှာဖုံးစွပ်ပြီး အရောင်မျိုးစုံချယ်လို့ ပေါ့...

No comments:
Post a Comment